ဗီဇဆိုတာ ဖျောက်ရခက်တယ်

ကင်းမြီးကောက်တကောင်ဟာ.သူနေတဲံ့ကျွန်းကလေးတခုကနေ.မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။ ဒါပေမဲ့.ကင်မီးကောက်ဟာရေမကူးတတ်လို့.မြစ်ကိုဖြတ်ဖို့အခက်အခဲဖြစ်နေတယ်။ မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုံး.-ရုတ်တရက်.မြစ်ရေစပ်ကရေစိမ်နေတဲ့ဖါးတကောင်ကိုတွေ့လိုက်လို့.သွားစကားပြောတယ်။   ကင်းမြီးကောက်၊…”ကိုရွှေဖါးရေ.ကျနော့်ကို.ခင်ဗျားရဲ့ကျောပေါ်တင်ပြီး.ဟိုဖက်ကမ်းကိုပို့ပေးပါလား။.ကျေးဇူးမမေ့ပါဘူးဗျာ” ဖါး၊….”ဟာ.ဘယ်ဖြစ်မလဲ။.မင်းကိုကျောပိုးသွားရင်.ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်.ငါရေနစ်သေသွားမှာပေါ့”   ကင်းမြီးကောက်၊…”ကိုရွှေဖါးရယ်.ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။.ကျနော့်ကို.ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ။ နောက်ပြီး.ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့.ခင်ဗျားရေနစ်ရင်.ကျနော်လဲရေနစ်သေမှာပဲလေ။.ကျနော်ရေမကူးတတ်ဖူးဆိုတာ.ခင်ဗျားသိပါတယ်ဗျာ”   ဖါးလဲ.စဉ်းစားတယ်။.ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။.သူ့ကိုယ်သူရေနစ်အသေခံပြီး.ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။ .အဲဒီတော့.ဖါးလဲ.ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်။.ဒါနဲ့.ဖါးဟာ.ကင်းမြီးကောက်ကို.ကျောပေါ်တင်လို့ .ရေစီးသန်တဲ့မြစ်မှာ.သူ့ကိုယ်ကိုရေအပေါ်.ပေါ်အောင်ကြိုးစားပြီး.မြစ်ကိုဖြတ်ကူးပါတော့တယ်။   မြစ်လယ်ရောက်တော့.ဖါးဟာ.သူ့ကျောမှာစူးကနဲ.တချက်ခံစားလိုက်ရတယ်။.နောက်ကိုအသာလှည့်ကြည့်လိုက်တော့.ကင်းမြီးကောက်ဟာ. အစွယ်ကို.သူ့ရဲ့နောက်ကျောကနေ.ဆွဲနူတ်လိုက်တာတွေ့ရတယ်။   ဖါးလဲ.နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။.”ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။.မင်းပဲ.စောစောကပြောတယ်လေ။ .ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။.အခု.ငါ့မှာအဆိပ်တက်နေပြီ။.ငါရေနစ်ပြီးသေရင်.မင်းလဲရေနစ်သေမှာ.မကြောက်ဖူးလား”   ကင်းမြီကောက်က.ဘာပြန်ပြောသလဲ။. “ခင်ဗျားသေရင်.ကျနော်လဲ.ရေနစ်သေမှာသိပါတယ်။.ဒါပေမဲ့.တခြားသတ္တဝါတကောင်ကိုတွေ့ရင်.အစွယ်နဲ့ထိုးတတ်တဲ့ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ”   နောက်ဆုံးတော့.ဖါးရော.ကင်းမြီးကောက်၂ကောင်စလုံးဟာ.မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။ ဒီပုံပြင်လေးဟာ.နိုင်ငံခြားမှာ.အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။.ကလေးပုံပြင်မဟုတ်ပါဘူး။.လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့.လူကြီးတွေကို.အသိပညာပေးတဲ့ပုံပြင်ပါ။   သနားလို့ကူညီပေမဲ့လဲ.အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်.ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့သတိပေးသင်ခန်းစာပါ စာအုပ်မြို့တော်မှ ပြန်လည်မျှဝေပါတယ်။

မြန်မာပြည်က မြို့များ

အာမထိလျှာမထိမြို့များ ဂွ၊ အမ်း၊ ​ဝေါ၊ ​ယော၊ ဟဲဟိုး၊ ကဝ ဆန့်​ကျင်​ဘက်​မြို့များ ၁။ ​ကျောက်​ဖြူ နှင့်​ ​ကျောက်​မဲ ၂။ မိုး​ကောင်း နှင့်​ မိုးနဲ အက္ခရာပူးမြို့များ ၁။ ကိုကိုးကျွန်း ၂။ ​ကျောက်​ကြီး ၃။ ​ကျောင်းကုန်း ၄။ ဂန့့်​​ဂေါ ၅။ တံတား ၆။ တွံ​တေး ၇။ ​မြောင်းမြ ၈။ မြင်းမူ ၉။ မိုးမိတ်​ ၁၀။ မိုး​မောက်​ ၁၁။ ​မောက်​မယ်​ ၁၂။ တီးတိန်​ ၁၃။ ​လောင်းလုံ ၁၄။ လွိုင်​လင်​ ၁၅။ ဟဲဟိုး ၁၆။ ​မေမြို့ ကာမြို့များ ၁။ ကာလိ ၂။ ကာမိုင်း နာမည်​တစ်​လုံးရှိမြို့များ […]

ဒဿနစာလေးမာျး

သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဟုတ်ပဲ လမ်းပြသူ ဖြစ်နိုင်အောင် ကြိုးစားပါ။ သင့်မျက်နှာမှာ အပြုံးတစ်ပွင့် တပ်ဆင်ထားလိုက်ပါ အောင်မြင်းခြင်း ပျော်ရွှင်ခြင်းတို့အတွက် လှေကားထစ် တစ်ခုဖြစ်လာပါလိမ့်မယ် နာကျင် ၀မ်းနည်းနေရင်ချိန်မျာတောင် ပြုံးနိုင်ရင်တော့ သင်ဟာ ရင့်ကျက်သူ တစ်ယောက် ဖြစ်လာပါပြီ အောင်မြင်မှုဆိုတာ အချိန်နဲ့ နေရာပေါ် မမူတည်ပါဘူး၊ အားကိုးထိုက်သူ ဖြစ်အောင် နေမျ သင့်လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူ ဖြစ်လာမှာပါ။ ထာဝရ ရပ်တည်နိုင်ဖို့ သင့် ကြိုးစားမှုပေါ်မှာပဲ မူတည်ပါသည် အရှုံးတွေနဲ့ တွေ့ရလို့ စိတ်မညစ်ပါနဲ့ အဲ့ဒီ အရှုံးတွေက ရခဲ့တဲ့ သင်ခန်းစာတွေက နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓတ်မကျပါနဲ့။ အခက်အခဲ တွေကို ရင်ကော့ပြီး ရင်ဆိုင်ပြစ်လိုက်ပါ။ အတင်းပြောကဲ့ ရဲ့ခဲရမှာကို စိတ်ညစ်နေပါသလား ကိုယ့်လိပ်ပြာကိုယ်လုံရင် […]

သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ

* မိုက်ခရိုဆော့ဖ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ် ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။ ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။ ———————— * သူတော်စင် ၀ိဝေကနန္ဒ တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။ ————————- * ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား အောင်ပွဲရဖို့ဆိုတာအကြောင်းသုံးချက်ပြည့်စုံ ရတယ်။ တခြားသူတွေထက် ပိုသိရမယ် တခြားသူတွေထက် ပို ကြိုးစားရမယ် အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။ ———————– * နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ စစ်တိုက်လို့ နိုင်နေသမျှ […]

မင်း ​မေ့မ​နေနဲ့ 

မှောင်​မိုက်​ ​နေတဲ့ ​ကောင်းကင်​ကြီးမှာ မမြဲတဲ့ ကြယ်​​လေးတစ်​​လုံးဖြစ်​ ရမယ်​ဆိုရင်​​တောင်​ မင်းရှိတဲ့ ​နေရာ​လေးမှာ ​ကြွေမကျခင်​ အ​ကောင်းဆုံး ​တောက်​ပလိုက်​ပါ…။ မင်း​ဘေးက လင်းလက်​မှု​တွေကိုကြည့်​ပြီး အားကျနိုင်​ပါတယ်​ ဒါ​ပေမယ့်​ အဲ့တာဟာ မင်းမဟုတ်​ဘူးဆိုတာသတိရပါ..။ ငါလည်း တစ်​ချိန်​က မင်းလိုဖြစ်​ဖူးခဲ့တယ်​…။ ထမင်းကြမ်းကိုက်​​နေချိန်​မှာ ထမင်းရည်​​သောက်​​နေတဲ့ သူ​တွေအ​ကြောင်းကို​ပေါ့ ဖိနပ်​စုပ်​လို့ ​ကျောင်းသွားရမှာရှက်​​နေချိန်​ ဖိနပ်​မပါ လမ်း​ဘေးမှာ အမှိုက်​​ကောက်​​နေသူ​တွေအ​ကြောင်းကို​ပေါ့ အိတ်​ကပ်​ ထဲ သုံးစရာမရှိလို့ ရှက်​​နေချိန်​မှာ သနားကြပါ ခင်​ဗျာ တဲ့ စကားသံ​တွေနဲ့ ​ ရှေ့ဆက်​​နေသူ​တွေအ​ကြောင်း မင်းဘဝ က အဆုံးရွားဆုံးမှ မဟုတ်​တာ မင်းကို သူတို့ မသနားတာ မထူးဆန်းဘူး​လေ,,,,, မင်း​ခြေ မင်းလက်​ မင်းခွန်​အားကြီးနဲ့ ဘာကို ​မျှော်​လင့်​​နေမှာလဲ ဘာမဆို မင်းထုဆစ်​နိုင်​တယ်​ ဘာမဆို မင်းအ​ကောင်​အထည်​​ဖော်​နိုင်​တယ်​ […]

ဒဿနစာလေးများ

ဘာမှမရှိသော ကျောက်တုံးနှစ်တုံးတောင်မှ အဆက်မပြတ် ပွတ်တိုက်ပေးလျှင် မီးဆိုတာ ရသေးတယ် ဦးနှောက်ရှိတဲ့လူပဲ၊ အဆက်မပြတ် အလုပ်လုပ်နေလျှင် လိုချင်တာဘာလို့မရနိုင်မှာလဲ။ ဘဝကို နောက်ဆုံးအချိန်အထိ အဓိပ္ပါယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့ လိုတယ်….အဲ့ဒီလို မသိရင် ကြာလေ အသုံးမကျ လေဖြစ်လာတတ်တယ်။ ကိုယ်ဘာကို ခံစားနေရသလဲ ကိုယ်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ စမ်းစစ်ကြည့်ရမယ်။ အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင် အဖော်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။ လူမှာ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အများကြီးရှိတယ် အဲ့ဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးရမှ အဲ့ဒီလူဟာ ဘဝကို ကျေနပ်မှုရမယ်။ ဘယ်လိုအလုပ်မျိုး လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်က ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ့ […]

ဒဿန စာလေးများ

သင့်ရဲ့ အချိန်တွေကို ဖြေရှင်းချက်တွေပေးရင်နဲ့ မကုန်လွန်ပါစေနဲ့။ ဘာလို့လဲဆိုတော့ သူတွေက သတို့ကြားချင်တာတွေကိုပဲ ရွေးပြီး နားထောင်ကြတာပါ။   လှေကားတွေ မြင့်လာလေလေ ပိုမိုခက်ခက်ခဲခဲ ဖြစ်လာလေပဲ။ဒါပေမဲ့ စိတ်မလျော့နဲ့ အားတင်းပြီး ဆက်လျှောက် ဘာလို့ လဲဆိုတော့ မြင့်မြင့်ရောက်လေလေ များများမြင့်ရလေလေပဲ။ မမြင်ချင်တဲ့လူတွေ ကတော့ ဆက်ပြီးတော့ တတ်ဖို့ မကြိုးစာသလို တက်နေတဲ့လူတွေ ကိုဆွဲချတတ်တယ်ဆိုတာ အမေ့နဲ့။ တစ်ခုခုကို မရွေးချယ်ခင် သင့်မှာ ထိုအရာနဲ့ ပတ်သတ်ပြီး စဉ်းစာပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် မျှော်လင့်ပိုင်ခွင့်တွေ အများကြီးရှိပါတယ် တကယ်လို့သင်ဟာ သင်ဘာဖြစ်ခင်တယ်ဆိုတာကို သေချာသိပြီး ပြတ်ပြတ်သားသား ဆိုးဖြတ်ချက်ချလိုက်တဲ့ အရာပေါ်မှာ သစ္စာရှိဖို့တော့ လိုတယ်။ အမြင့်ကို လှမ်းမယ်ဆိုတိုင်း အောက်ကို တစ်ချက်လောက် ပြန်ကြည့်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ သူများဘဝတွေ ပါနေမှာစိုးလို့ပါ။ မင်းကောင်းတာတွေပဲ […]

မိဘများ မှားလေ့ရှိသော အမှားများ

ကလေးများကို သင်ကြားတဲ့နေရာမှာ မိဘတော်တော်များများ မှားလေ့မှားထ ရှိတဲ့ အမှားအယွင်းအချို့ ရှိပါတယ်။ အဲဒီအမှားတွေဟာ ကလေးများရဲ့ ပညာရေးကို ဆုတ်ယုတ်စေတတ်တဲ့အပြင် ယုံကြည်မူနဲ့ စိတ်နေသဘောထားကို ပါ ထိခိုက်နိုင်စေတဲ့အတွက် ကလေးများရဲ့ အနာဂတ်တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မိဘတစ်ဦးအနေနဲ့ သင်ကော အဆိုပါအမှားများကို ကျူးလွန်မိဖူးပါသလား၊ ၁။ ကလေး အတန်းထဲက ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း၊ တစ်ခါတစ်လေ မေးမိတာကို မဆိုလိုပါ။ ခဏခဏ မေးမြန်းပြီး ကလေးရတဲ့အဆင့် အပေါ် မူတည်ပြီး ကလေးကို ဆုံးဖြတ်တာကို ဆိုလိုတာပါ။ မင်းနည်းနည်းတော်လာပြီ၊ မင်းနည်းနည်း ညံ့သွားပြန်ပြီ၊ မင်းအသုံးမကျတဲ့ကောင် စသည်ဖြင့် ကောက်ချက်ချ ခြင်းကို ဆိုလိုပါတယ်။ အဆင့် ( ၁ ) မရနိုင်တဲ့ ကလေးတစ်ယောက်ကို အဆင့် (၁ […]

ကျောင်းပညာရေးထက် အရေးကြီးသော အရည်အသွေးများ 

ပညာသင်ကြားတယ်ဆိုတာ ဘ၀မှာ ကြုံတွေ့ ရမဲ့ စိန်ခေါ် မူများကို ရင်ဆိုင်ဖို့ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးက ၀မ်းတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ အလွန်မှန်ပါတယ်။ ဘ၀စိန်ခေါ် မူကိုရင်ဆိုင်ဖို့ ဘွဲ့ဒီဂရီထက် အရေးပါတဲ့ အရည်အသွေးများစွာ လိုအပ်ပါတယ်။ အဲဒီအရည်အသွေးများကို ပျိုးထောင်ဖို့ မိဘများက အဓိက ကျပါတယ်။ ဆွေးနွေးကြည့်ကြရအောင်…. ၁။ အမျော်အမြင် ရှိဖို့.. ကလေးများ အမျော်အမြင်ရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီက ကလေးများဟာ ရည်ရွှယ်ချက်ကြီးကြီးမားမား မစဉ်းစားရဲကြတာများပါတယ်။ ဆရာဝန်ဖြစ်ချင်တာထက်ဆေးရုံကြီး တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်မျိုး၊ ဗိုလ်ကြီး လုပ်ချင်တာထက် စစ်သူကြီး ဖြစ်ချင်တဲ့ အိမ်မက်မျိုး၊ သူဋ္ဌေးဖြစ်ချင်တာထက် စွန့်ဦးတည်ထွင်လုပ်ငန်းရှင်ကြီး ဖြစ်ချင်တာမျိုး စဉ်းစားရဲ အောင် လမ်းကြောင်းပေးရမှာဖြစ်ပါတယ်။ ကလေးများ ငယ်ငယ်ကတဲကစပြီး လေထဲမှာ တိုက်အိမ်ဆောက်ရဲအောင် သိပ္ဗံပုံပြင်စာအုပ်ဖတ်ပြခြင်း၊ […]