သောင်ပြင်ထက်က သင်ခန်းစာ

ခေတ်ပညာတက်ကောင်လေးတစ်ယောက်ပေါ့ဗျာ ။ သူမှာတက်သင့်တက်ထိုက်တဲ့ပညာတွေအားလုံး သင်ယူပြီးတဲ့အချိန်မှာ ကိုယ်ကိုယ်ကို ရပ်တည်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်လုပ်မယ်ပေါ့…။ အဲဒီလိုစိတ်ကူးပြီး အလုပ်လိုက်ရှာလိုက်တာ ဘယ်မှာမှ မရပဲ ရက်တွေလတွေကြာလာခဲ့တယ်..တဲ့။ ဒါနဲ့ပဲ အဲ့ဒီလူငယ်လေးက စိတ်ညစ်ပြီး ငါလိုအသုံးမကျတဲ့သူ သေသွားတာမှ ကောင်းဦးမယ်လို့ စဉ်းစားပြီး ကိုယ်ကိုယ်ကို သတ်သေမယ် ဆိုပြီး မြစ်ထဲကို အဆုံးစီရင်ဖို့သွားတယ်တဲ့… အဲ…ဖြစ်ချင်တော့ သူသက်သေမဲ့ မြစ်ကမ်းနားမှာ ငါးမျှားနေတဲ့ အဖိုးအိုတစ်ဦး ရှိနေတယ်…။ အဖိုးအိုက ဒီလူငယ်လေးဘာလုပ်မလဲလို့ ငါးမျှားရင်းစောင့်ကြည့်နေတာပေါ့…။ လူငယ်လေးကလဲ သူ့ရည်ရွယ်ချက်အတိုင်း ရေထဲကိုတစ်လှမ်းချင်း ဆင်းနေတာကို အဖိုးအိုကတွေ့တာပေါ့..။ ဒါနဲ့အဖိုးအိုက လူငယ်လေးရဲ့ အခြေအနေကို ရိပ်စားမိပြီး စကားစလိုက်တယ် “လူလေး ဘာလုပ်မလို့လဲ” “ကျွန်တော်လိုအသုံးမကျတဲ့ လူသေတာပဲကောင်းပါတယ် အဖိုးရယ်” လို့ပြောပြီး ရေထဲကို ဆက်ဆင်းသွားရော…. အဖိုးအိုကလဲ “ဒါဆိုလဲ မသေခင် […]

“ခွန်းအား စာစု”

ဘဝမှာ မသက်​ဆိုင်​ပါဘူးဆိုပြီး စွန့်​ပစ်​ခဲ့တဲ့အရာ​တွေက အ​ရေးကြုံချိန်​မှာ လိုအပ်​လာတတ်​တယ်​ ကိုယ့်​ကို လာချစ်​တဲ့သူကို ပြန်​မချစ်​နိုင်​ရင်​​တောင်​ မုန်းဖို့ ဘယ်​​တော့မှ မစဉ်းစားမိ​စေနဲ့ ဘဝဆိုတာ… အမုန်း​တရား​တွေနဲ့ အထာမကျဘူးအများအမြင်​မှာ အမှန်​တရားဆိုတာ ခါး​နေတတ်​တယ်​ ဒါ​ပေမယ့်​ ခါး​နေတဲ့ ​ဆေးတစ်​ခွက်​ကို မ​သောက်​ဖြစ်​ရင်​ ​ရောဂါဆိုတာ ဘယ်​​ပျောက်​ဖြစ်​မလဲ ကိုယ်​မမှားဖို့ပဲ အ​ရေးကြီးတယ်​​လေ လူဆိုတာ… အမြဲတမ်း မမှန်​နိုင်​​ပေမယ့်​ မှားခြင်းသ​ဘော​တွေနဲ့လည်း ​နေသားကျဖို့မသင့်​ဘူး အမှန်​တရားအတွက်​နဲ့လည်း တွန်းလှန်​နိုင်​ရမယ်​ အမှား​တွေအတွက်​လည်း ဝန်​ခံရဲရမယ်​ ဘဝရှိလာရင်​ အချစ်​ရှိမယ်​ အဲဒီအချစ်​က ဘဝကို အနိုင်​မယူ​စေနဲ့ ဘဝလမ်းဟာ ကြမ်းမှာပဲ မ​လျှောက်​လှမ်းရင်​​တော့ ​နောင်​တ​တွေနဲ့ ကျန်​ခဲ့မှာပဲ အ​ရေးကြီးတာက ကိုယ့်​​လျှောက်​​သော လမ်းဟာ မှန်​ကန်​​သောလမ်းဖြစ်​​နေဖို့ပဲလိုတယ်​ အဆင်​မ​ပြေလို့လည်း အားမငယ်​နဲ့ ငါးဆိုတာ ​ရေမ​ကြောက်​သလို လူဆိုတာလည်း ဆင်းရဲမှာကိုမ​ကြောက်​နဲ့ အခြားသူ​တွေလို့ မ​ပျော်​နိုင်​တဲ့အခါ […]

” ပညာတတ်များ မေ့လျော့နေသော အမှန်တရားများ “

၁။ မည်မျှပင် ပညာတတ်မြောက် ပြီး၊ ဉာဏ်ရည်မြင့်မားပါစေ လက် တွေ့ လုပ်ဆောင်ချက် မရှိလျှင် မည့်သည့်အရာကိုမျှ အောင်မြင်ပြီး မြောက်အောင် မလုပ်ဆောင်နိုင် ချေ။ ပညာတတ်များအနေဖြင့် လက်တွေ့နှင့်စာတွေ့ကို ပေါင်းစပ် မှုမရှိလျှင် မအောင်မြင်နိုင်ကြောင်းကို သတိပေးထားခြင်း ဖြစ်သည်။ သင်ယူ ထားသည့်ပညာရပ်ကို လက်တွေ့နယ် ပယ်တွင် ပေါင်းစပ်အသုံးမချနိုင်လျှင် ဘွဲ့ဒီဂရီရရှိသူသာ ဖြစ်နေလိမ့်မည်။ အမှန်တကယ် ပညာတတ်မြောက် သူအဖြစ် မခေါ်ဆိုနိုင်ပေ။ ၂။ ပျော်ရွှင်မှုနှင့် အောင်မြင်မှု သည် တစ်သီးတစ်ခြားစီရှိနေသော အရာများသာ ဖြစ်သည်။ ပညာတတ်များအနေဖြင့် သတိပြုသင့်သည်မှာ လူ့ဘ၀ဟူသည် ပျော်ရွှင်စွာနေတတ်ဖို့လည်း အရေး ကြီးပေသည်။ ပျော်ရွှင်မှုကို ဘ၀ အောင်မြင်မှုနှင့် ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ လိုအပ်ပေသည်။ အပျော်လွန်ခြင်းသည် ဘ၀အောင် မြင်မှုကို အဟန့်အတားဖြစ်နိုင်သလို […]

“Today’s lesson” ဒီ​နေ့အတွက်​ သင်​ခန်းစာ

~~~~~~~~~~~~~~~ All students laughed when the teacher wrote a wrong answer on the blackboard, but never expected him to do this next. သင်​ပုန်းကြီး​ပေါ်မှာ ဆရာက အ​ဖြေမှား​ရေးမိ​တော့ တပည့်​​တွေအားလုံး ဟားတိုက်​ရယ်​ကြကုန်​တယ်​.. .ဒါ​ပေမဲ့ ​နောက်​တခါဒီလိုမျိုး ထပ်​မမှားဖို့က​တော့ သူတို့​မျှော်​လင့်​ကြတာ​ပေါ့​။ One day a teacher wrote the following on the board: တစ်​​နေ့​တော့ ဆရာက ​သင်​ပုန်းကြီး​ပေါ်မှာပဲ ​အောက်​မှာ​ဖော်​ပြထားတဲ့ အတိုင်း​ရေးပြတယ်​….. 9×1 =7 9×2 =18 9×3=27 9×4=36 9×5=45 9×6=54 9×7= […]

“Bruce Lee ပြောခဲ့တဲ့ မှတ်သားစရာစကားများ”

★ ကျွန်တော်ဟာ ကန်ချက် ၁၀၀၀ ကို တစ်ကြိမ်စီ လေ့ကျင့်ထားတဲ့သူကို မကြောက်ပါဘူး။ ဒါပေမယ့် ကန်ချက်တစ်မျိုးတည်းကို အကြိမ်တစ်ထောင်လေ့ကျင့်ထားတဲ့သူကိုတော့ ကြောက်တယ်” ★ ဟိုနည်းနည်း ဒီနည်းနည်းသိပြီး ဘာမှမထိရောက်တာထက်စာရင် တစ်ခုတည်းကို သေချာနှံ့စပ်စွာ တတ်မြောက်တာကမှ တကယ်လေးစားဖွယ်ကောင်းတာပါ။ ★ အောင်မြင်မှုရဲ့ပန်းတိုင်ဆိုတာ ပြီးဆုံးသွားတယ်လို တစ်နေရာရောက်ရင် နောက်တစ်နေရာကို ထပ်သွားရဦးမှာပါ။ ★ သိရုံနဲ့ မလုံလောက်ဘူး။ အသုံးချရမယ်။ လုပ်ချင်စိတ်ရှိရုံနဲ့ မလုံလောက်ဘူး။ လုပ်ကိုလုပ်ရမယ်” ★ လေ့လာခြင်းရဲ့ ရည်ရွယ်ချက်က သိရုံပဲဆိုရင် မလုံလောက်နိုင်သေးပါဘူး။ သိထားတာကို အသုံးချနိုင်ပါမှ လေ့လာခြင်း အထမြောက်ပါမယ်။ ★ ရှုံးနိမ့်ခြင်းဆိုတာ စိတ်နဲ့ပဲ ဆိုင်ပါတယ်။ အရှုံးဖြစ်ပါတယ်လို့ လက်မခံသမျှတော့ ဘယ်သူမှ မရှုံးပါဘူး” – သင့်စိတ်ထဲကသာ ရှုံးပါတယ်လို့ လက်မခံမချင်း တစ်စုံတစ်ယောက်က […]

” Steve Job ရဲ့အောင်မြင်ရေးသော့ချက် ၁၀ချက် “

၁။ ပုံမှန်ဘဝလေးနဲ့ ကျေနပ်မနေနဲ့ ကျွန်တော် ကလေးဘဝကတည်းက ကြားနေကျ စကားလေးကတော့ “ပုံမှန်လေးပဲနေ၊ ပိုက်ဆံစု၊ အလုပ်ကြိုးစားလုပ်၊ မိသားစုကို ပျော်အောင်ထား” ဆိုတဲ့စကားပါ။ နောက်ပိုင်း သဘောပေါက်လာတာကတော့ လောကမှာ တကယ့်ဘဝအစစ်အမှန်ကို ရှာဖွေတတ်ဖို့ပဲ။ လောကမှာ လူတွေက သူတို့ စည်းမျဉ်းနဲ့ သူတို့လုပ်ထားတတ်ကြတယ်။ ကြာတော့ ဒါတွေဟာ အမှန်ပါလို့ နောက်လူတွေကပါ ထင်လာကြတယ်။ ဒီတော့ ကိုယ့်ဘဝအတွက် စည်းမျဉ်းအမှန်ကိုရှာဖွေတတ်ဖို့လိုတယ်။ သူများ မိုးခါးရေသောက်တိုင်း လိုက်သောက်စရာမလိုဘူး။ ပုံမှန်ဘဝဆိုတဲ့ အယူအဆကို ကိုင်လှုပ်ပစ်ကြည့်လိုက်ပါ။ အပြောင်းအလဲအသစ်တွေကို ရင်ဆိုင်ပြီး၊ ပိုပြီး တိုးတက်အောင် လုပ်ဖို့လိုတယ်။ ရှေးဟောင်း အယူအဆအမှားတွေကိုချည်း လက်ကိုင်ထားနေရင် ကျွန်တော်တို့ တိုးတက်သင့်သလောက်မတိုးတက်တော့ဘူး။ ဒီသဘောတရားကိုသာ နားလည်သွားရင် ဘဝကို ဘယ်လိုရှေ့ဆက်ရမယ်၊ ဘယ်လိုပြောင်းလဲပစ်ရမယ်ဆိုတာ သိသွားပြီ၊ ကိုယ်ဘဝဟာ အရင်နဲ့ […]

“ရာဇဝင်လှန်မယ့် ကျွန်တော်”

ဒေါသကြီးတတ်တဲ့ကျွန်တော်တစ်ယောက် ဒီပုံပြင်လေးကိုအမြဲဖတ်ပြီးကိုယ့်ကိုယ်ကိုအမြဲဆုံးမလေ့ရှိတတ်ပါတယ်..။ ဖတ်တိုင်းရိုးမသွားတဲ့အရမ်းကောင်းတဲ့ပုံပြင်ကောင်းလေပါဘဲ… တစ်ခါတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့ဗျာ။ တစ်နေ့ကျတော့ သူ့အဖေက သူ့ကို အိမ်ရိုက်သံတစ်ထုပ်ပေးပြီး ပြောပါတယ်။ “မင်း တစ်ခါ စိတ်ဆိုးဒေါသထွက်တိုင်း သံတစ်ချောင်းတစ်ချောင်း နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ပါ” တဲ့။ ကောင်လေးကလည်း အဲဒီလိုပေးတဲ့နေ့ တစ်ရက်တည်းမှာတင် ၀င်းထရံတိုင်မှာ သံအချောင်း ၄၀ လောက် ရိုက်ပစ်လိုက်ပါသတဲ့။ အဲဒီလောက်အထိ ဒေါသကြီးတဲ့လူငယ်ပေါ့ဗျာ။ သူ့ခမျာ နေ့စဉ်ရက်ဆက် ဒေါသထွက်တိုင်း ၀င်းထရံတိုင်မှာ သံတွေ သွားသွားပြီးရိုက်ရတာ အတော်ကြီးကို များလာပါသတဲ့။ ဒါပေမယ့် အံ့သြစရာကောင်းတာက နေ့စဉ် စိတ်တိုတိုင်း သံတွေသွားရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်ကိုသူ ထိန်းနိုင်လာတာပါပဲ။ သံရိုက်တဲ့ အကြိမ်အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ နည်းနည်းလာပါသတဲ့။ တဖြည်းဖြည်းနဲ့ ကောင်လေးက စိတ်တိုတိုင်း ၀င်းထရံမှာ […]

“ဒီလိုရင့်ရင့်ကျက်ချင်သေးတယ်”

  ပညာရှင်ကြီး ကွန်ဖြူးရှပ်ပြောဖူးတယ်၊ လူဆိုတာ အိုတဲ့အထိ တောက်လျှောက်သင်ယူနေရဆဲပါပဲတဲ့။ အရွယ်ကွာသွားလို့ အမြင်ချင်းကွားသွားတာပဲ ရှိမယ်။ ကိုယ့်ကိုယ်ကို စမ်းစစ်လိုက်တိုင်း အမြဲတမ်းအားမရပါဘူး၊ ပြုပြင်သင့်တာတွေ၊ လေ့ကျင့်သင့်တာတွေကို ရေးချလိုက်ရင် တစ်သီးတစ်သန်းကြီး ထွက်လာစမြဲပါပဲ။ အခုလည်း ဒါတွေကို ပြုပြင်ချင်သေးတယ်။ ဒါတွေကို ကြိုးစားချင်သေးတယ်။ အိုတဲ့အထိ ကြိုးစားသွားရမှာပါ။ က။ တည်ငြိမ်ချင်ပါတယ်။ ================ ၁။ စိတ်လုပ်ရှားမူကို လွယ်လွယ်နဲ့ မပြသတော့ဘူး၊ ၂။ စိတ်ညစ်စရာများကို မဝေငှဘူး၊ ၃။ သူတစ်ပါးရဲ့ အကြံအဥာဏ်မတောင်းခင်မှာ ကိုယ်ကအရင်စဉ်းစားထားပြီးဖြစ်ရမယ်။ ၄။ ပြစ်တင်ငြီးငြူတာမျိုး ဘယ်တော့မှ မလုပ်ပါ။ ၅။ အရေးကြီးတဲ့ ဆုံးဖြတ်ချက် မချမှီ သူများနဲ့ ဆွေးနွေးပါ။ ဆုံးဖြတ်ပြီးရင် နောက်တစ်နေ့မှ ကြော်ငြာပါ။ ၆။ စကားပြောတာဖြစ်ဖြစ်၊ အလုပ်လုပ်တာဖြစ်ဖြစ် ဘယ်တော့မှ […]

” Basic Level English လေ့လာကြည့်ကြရအောင် “

1. Are you ready? အဆင်သင့်ဖြစ်ပြီလား။ 2. Are you sick? မင်း နေမကောင်းဘူးလား။ 3. Are you sure? မင်းသေချာလား။ 4. Are you waiting for someone? တစ်ယောက်ယောက်ကို စောင့်နေတာလား။ 5. Am I pronouncing it correctly? အသံထွက်မှန်သလား။ 6. Anything else? တခြားရှိသေးလား။ 7. Are they the same? သူတို့ အတူတူပဲလား။ 8. Are you afraid? မင်း ကြောက်သလား။ 9. Are you allergic to anything? တစ်ခုခုဆို […]

အရောင်ထွက်နေရင် သတိထား

တစ်ခါက— ကုန်သည်တစ်စု သဲကန္တာရကို ဖြတ်သန်း သွားကြတယ်။ နေ့ခင်းမှာ ပူလွန်းလို့ ရွက်ဖျင်တဲ တွေနဲ့ နားနေကြပြီး ညမှသာခရီးဆက်ကြတယ် ။ ဒီလိုနဲ့ တစ်နေ့ နေဝင်လထွက် ညဘက်ရောက်လို့ ခရီးဆက်ကြဖို့ လူစုကြတာပေါ့။ နောက်ဆုံးမှရောက်လာတဲ့သူက. . . ” အဆွေတို့. .ကျုပ် ဟောဟိုနားမှာ တွင်းကြီးတစ်တွင်းတွေ့ခဲ့တယ် . . အထဲမှာလည်း အရောင်တွေ တဖိတ်ဖိတ်တောက်နေတာပဲ့ မဟုတ်မှလွဲရော ခိုးသားတွေဝှက်ထားတဲ့ ရတနာတွေလား . . သဘာဝ စိန်တွင်းကြီးလား မသိဘူ့း ကျုပ်တို့တော့ထောပြီ ဟေ့ . . ” လို့ဝမ်းသာအားရ ပြောပါသတဲ့ ။ ဒါနဲ့အားလုံးသွားကြည့်ကြတာပေါ့ ။ ဟုတ်ပဗျာ . . အရောင်တွေ လက်လက်ထနေလိုက်တာများ ။ […]