ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ အံ့ဖွယ်(၉)ပါး

(ဆံတော်ရှင် ကျိုက်ထီးရိုး စေတီမြတ်ကြီးပုံ) ၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။ ၂။ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင် လှူပ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။ ၃။ ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။ ၄။ မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။ ၅။ ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။ ၆။ဘုရားဖူးတို့သည်ခက်ခဲစွာ တောတောင်လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။ ၇။ ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။ ၈။ ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။ […]

သင် သေ သွား သော်

သင်က ပင်ပင်ပန်းပန်း ရှာဖွေထားသော ဥစ္စာစီးပွား စည်းစိမ်ပစ္စည်းများသည် သင်သေသွားသော် – သင်နှင့် မည်သို့မျှ ပတ်သက်ပိုင်ဆိုင်ခြင်း မရှိတော့သည်ကို လေးလေးနက်နက် ချင့်ချိန်ဆင်ခြင်မိပါသလား ။ သင်က ကြိုးစားပြိုင်ဆိုင်၍ ရလာသော ရာထူး ဂုဏ်သိန် အရှိန်အဝါတွေသည် သင်သေသွားသော် – သင့်အတွက် မည်သို့မျှ တန်ဖိုးမရှိ အသုံးမဝင်တော့သည်ကို သတိထား စဉ်းစား ဆင်ခြင်မိပါသလား ။ သင်က ချစ်ခင်နှစ်သက် စွဲလန်းတမ်းတနေသော သင့်မိသားစု ၊ ချစ်သူ ၊ ခင်သူ ၊ မြတ်နိုးသူ ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများသည် သင်သေသွားသော် – သင်နှင့် ရင်းနှီးကျွမ်းဝင် ချစ်ခင်ပေါင်းသင်း ပတ်သက်ဆက်ဆံခွင့် မရှိတော့သည်ကို စိုးရိမ်ကြောင့်ကြ တွေးတောဆင်ခြင်မိပါသလား ။ သင်က […]

တစ်ခါလောက် အခက်အခဲဖြစ်ကြည့်မှ လူတွေရဲ့ မျက်နှာဖုံးတွေက ကွာကျလာတတ်ကြတယ်

တစ်ခါလောက် အခက်အခဲဖြစ်ကြည့်မှ လူတွေရဲ့ မျက်နှာဖုံးတွေက ကွာကျလာတတ်ကြတယ် အလကား ရမယ်ဆိုရင် လူအတော်များများက ဘာကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားကြတယ် ဒါပေမယ့် သူတစ်ပါးကို ပြန်ပေးရမယ်ဆိုရင်တော့ ပြုံးပြတာကအစ တွန့်တို နေတတ်ကြတယ် စာချစ်သူတို့အတွက် စာအုပ်မြို့တော်မှ ပြန်လည် မျှဝေသည်

လောကမှာ ကိုယ်ယုံကြည်ရတဲ့သူတွေက ကိုယ့်အပေါ် လိမ်ညာတာလောက် ခံရခတ်တာ မရှိဘူး

လောကမှာ ကိုယ်ယုံကြည်ရတဲ့သူတွေက ကိုယ့်အပေါ် လိမ်ညာတာလောက် ခံရခတ်တာ မရှိဘူးထင်တယ် ရိုးသားမှုဆိုတာ ကိုယ့်ကိုယ်ကို ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့အခါ ကြင်နာတတ်တဲ့ လူတွေကို လေးစားအားကျတယ် အယုံမလွန်ပါနဲ့  

ကျေးဇူး မသိတဲ့ သား

ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။ သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ အရွယ်ကောင်းတုန်းမှာပဲ ယော့က်ျားဆုံးပါးသွားပါတယ်။ ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့ နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။ သားလေးလည်း အလွန်လိမ္မာပါတယ်။ အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။ ဒီလိုနဲ့ ဆရာမ၀င်ငွေငွေလေးနဲ့ သားလေးကို ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။ သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို ပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။ အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲ အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်နိုင်ခဲ့ပါတယ်။ မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့ ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။ ပင်စင်ယူချိန်နီးလာလေလေ […]

မသေဆုံးသေးသ၍ ကြိုးစားလို့ရသေးတယ် ဆိုတာ မမေ့နဲ့

လူတိုင်းရဲ့ဘ၀မှာ ကျရှုံးမှုပေါင်းများစွာနဲ့ ကြုံတွေ့ကြရမှာပါ…… ဒါပေမယ့် စိတ်ဓါတ်တော့ မကျရှုံးစေနဲ့ မသေဆုံးသေးသ၍ ကြိုးစားလို့ရသေးတယ် ဆိုတာ မမေ့နဲ့ ကလေးတွေက မင်းဘာပြောလဲဆိုတာထက် မင်းဘာလုပ်နေလဲဆိုတာကို ပိုပြီး အာရုံစိုက်ကြတယ် (မာမား ဇစ်ဂလာ) အသိပညာက မင်းကို စွမ်းအားပေးတယ် ဒါပေမယ့် စာရိတ္တကတော့ မင်းကို လေးစား ကြည်ညိုမှုပေးတယ် (ဘရုစလီ)

အတွေးအမြင်စာစု

  တခါက ဥက္ကဌကြီးမော်စီတုံးဟာ သမ္မတလျူရှောက်ချီ၊ ၀န်ကြီးချုပ်ချူအင်လိုင်းတို့နှင့် တွေ့တော့ မေးခွန်း တစ်ခုမေးတယ်။ ” ကြောင်တစ်ကောင်ကို ငရုတ်ကောင်းစားစေချင်တယ် ဆိုပါတော့၊ ခင်ဗျားတို့ဘယ်လိုကျွေးမလဲ ” ပထမဆုံး လျူကဖြေတယ် ” လွယ်ပါတယ်ဥက္ကဌကြီး ကြောင်ကိုမလှုပ်နိုင်အောင် လူတစ်ယောက်က သေသေချာချာချုပ်ထားမယ်၊ ပြီးရင် ပါးစပ်ကိုဖြဲ၊ ငရုတ်ကောင်းအစေ့ကို ပါးစပ်ထဲထည့် လည်ချောင်းထဲ ကျသွားအောင် တူနဲ့ထိုးချ ” သူ့စကားမဆုံးမီ မော်စီတုံးက ထိတ်လန့်ဟန်ဖြင့် လက်ပြတားလိုက်သည်။ ဒါက မော်စကိုမှာသုံးသည့် အကြမ်းပတမ်းနည်းမျိုးဖြစ်တယ်။ လျူပြောတာကို သူလက်မခံ။ ပြီးတော့ ငရုတ်ကောင်းဆိုသည်မှာ အမှုန့်ထောင်းပြီး စားရသောအရာ၊ အစေ့လိုက်ဆိုတော့ ငရုတ်ကောင်းစားတာနှင့် မတူပေ……. ” မဟုတ်သေးပါဘူးဗျာ၊ စားတယ်ဆိုတာ သူ့သဘောဆန္ဒနဲ့ သူ့ဘာသာ စားတာမျိုးပဲ ဖြစ်ရမှာပေါ့၊ အတင်းအဓမ္မ အင်အားသုံးတာမျိုးတွေ မလုပ်ပါနဲ့ဗျာ […]

ဆိုကရေတီးနှင့် အသဲကွဲလူငယ်

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသောလူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။ လူငယ်…..ကျွန်တော် အသဲကွဲနေပါတယ်။ ဆိုကရေးတီး….အော်…ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်….လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ…? လူငယ်….လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစား ရတဲ့ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နား လည်နိုင်မလဲ…။ တီး….ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ… ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။ လူငယ်…ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။ တီး….တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ […]

ဆိုကရေတီးနှင့် အသဲကွဲလူငယ်

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသောလူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။ လူငယ်…..ကျွန်တော် အသဲကွဲနေပါတယ်။ ဆိုကရေးတီး….အော်…ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်….လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ…? လူငယ်….လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစား ရတဲ့ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နား လည်နိုင်မလဲ…။ တီး….ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ… ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။ လူငယ်…ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။ တီး….တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ […]